Lucky Purified Drinking Water

၁၉၉၁ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပါသည်။ မြန်မာပြည်တွင် ပထမဦးဆုံး ရေသန့်စက်ရုံဖြစ်ပါသည်။

စဦးပိုင်းတွင် Iron Exchange စနစ်ကိုသာ အသုံးပြု ထုတ်လုပ်ခဲ့ပါသည်။

၁၉၉၆ ခုနှစ်တွင် လက်ရှိကမ္ဘာတွင် အကောင်းဆုံးဟု အသိအမှတ်ပြုထားသည့် တဖက်သတ် စိမ့်ဝင်ခြင်းနည်းစနစ် Reverse Osmosis System ကို မြန်မာပြည်တွင် ပထမဦးဆုံး စတင်အသုံးပြု၍ ရေသန့် ထုတ်လုပ်ခဲ့ပါသည်။

R.O စနစ်ဖြင့် ထုတ်လုပ်သည့်ရေ၏ အရည်အသွေးကောင်းမွန်ခြင်းများကြောင့် နှစ်ပေါင်း ၂၂ နှစ်ကြာရှည်စွာ ရပ်တည်နေနိုင်ခြင်းဖြစ်ပါသည်။

အဆိုပါနည်းစနစ်သည် အမေရိကန်ပြည်ထောင်စု NASA အဖွဲ့အစည်းမှ ၁၉၆၀ပြည့်လွန်နှစ်များအတွင်း ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံ၍ သုတေသနပြုလုပ်ရာမှ ရရှိလာသော ရလာဒ်ကောင်းတစ်ခုဖြစ်ပါသည်။

အဆိုပါနည်းစနစ်သည် ရေသန့်ထုတ်လုပ်ဖော်နည်းများ၏ သမိုင်းကို တစ်ခေတ်ဆန်းသစ်စေခဲ့ပါသည်။

စက်ရုံမှာမန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရက်ကွက် ၄၈၉ စမ်းသီတာတွင် တည်ရှိပါသည်။

စက်ရုံတွင်းတူးဖော်ထားသော Tube Well ၃တွင်းမှ ကောင်းမွန်သော အရင်းအမြစ် Raw Water ကို ရယူပါသည်။ ယခုအခါတွင် ကုမ္ပဏီတွင်း ဝန်ထမ်းပေါင်း ၄၅၀ ကျော်ဖြင့် ဈေးကွက်တွင်း လုံလောက်သော ထုတ်လုပ်မှု ပမာဏကို အချိန်မီ ရရှိရန်အတွက် ဆောင်ရွက်နေပါသည်။

F.D.A ခွင့်ပြုချက်အမှတ်မှာ စ ၁/၀၀၀၀၄/ထလ ဖြစ်ပြီး F.D.A မှ ရေသန့်၏ အရည်အသွေးနှင့် သန့်ရှင်းမှုအား လစဉ်စစ်ဆေးနေပါသည်။

E-Mail Address မှာ This email address is being protected from spambots. You need JavaScript enabled to view it. ဖြစ်ပါသည်။

Copyright © 2019 Lucky Purified Drinking Water. All Rights Reserved.